ကျောက်တံခါးမြို့နယ်တွင် နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာသည့် အလေ့ အထများဖြစ်စေရန် Mask Campaign ကို  အရှိန်အဟုန်မြှင့် ဆောင်ရွက်

 

ကျောက်တံခါး  ဇူလိုင်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) များတပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော စည်ကမ်းများအားလိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေးခြင်းလုပ်ငန်း Mask Campaign ကို  ယနေ့ နံနက်() နာရီအချိန်က လူစည်ကားရာ ကျောက်တံခါးမြို့မ ဈေးကြီးနှင့်ဗိုလ်ချုပ်လမ်းတို့တွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊  မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ပြန်/ဆက်ဦးစီးဌာနတို့ ပူးပေါင်း၍ ဈေးရောင်းချလျက်ရှိသော ဈေးသည်များ၊ ဈေးရှေ့ ဖြတ်သန်းသွားလာကြ သူများနှင့် ဈေးဝယ်လာသူများကို Mask များပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာ ကွယ်တားဆီးရေး အသိပညာပေးခြင်း၊ ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာရေး လူထုလှုပ်ရှားမှုအသွင်ဖြင့် နှာခေါင်းစည်းတပ်ဆင်ခြင်း မရှိသူများကို နှာခေါင်းစည်း(၅၀၀) ပေးခဲ့ကြောင်း သိရသည်။

စန်းစန်း