ရှင်ဗွေယန်မြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ် ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများ ဆောင်ရွက်

ရှင်ဗွေယန် ဇူလိုင် ၅
 
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့ပေါ်(၄)ရပ်ကွက်ရှိ ကိုယ်ဝန် ဆောင်မိခင်များနှင့် အသက်(၂) နှစ်အောက် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးထိုးခြင်းနှင့် ဆေးတိုက်ကျွေးခြင်း လုပ်ငန်းများကို ဇူလိုင်လ(၅)၊ (၆)ရက်၊ နံနက်(၉)နာရီတွင် ကျေးလက်ကျန်းမာရေးဌာန၌ ထိုးနှံတိုက် ကျွေးပေးလျက် ရှိသည်။
 
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၂)နှစ်အောက် ကလေးများ အတွက် လစဥ် ဘီစီဂျီ၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှော (ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ) ထိုးနှံပေးခြင်း ၊ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် ဆုံဆို့မေးခိုင် ကာကွယ် ဆေးထိုးနှံခြင်း၊ ကိုယ်ဝန်စမ်းသပ်ပေးခြင်း၊ ဆီးစစ်ပေးခြင်း၊ သွေးအားနည်းရောဂါရှိ/မရှိ သွေးစစ် ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
 
ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးရာတွင် မြို့ပေါ်(၄)ရပ်ကွက် အတွင်းရှိ အသက်(၂)နှစ် အောက်ကလေးငယ်( ၈၀)ဦးနှင့် ကိုယ်ဝန်ဆောင် မိခင်(၄၁)ဦးတို့အား (၂)ရက်ကြာ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
 
လင်းသွယ်ဦး