စလင်း ဇူလိုင်၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ပေါ်တွင် ဖွင့်လှစ်ရောင်းချလျှက်ရှိသော စားသောက် ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များ နှင့်အညီ ရောင်းချခြင်းရှိ/မရှိကို မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ၏လမ်းညွှန်မှုဖြင့် ပူးပေါင်းအဖွဲ့က စစ်ဆေးခြင်းကို ယနေ့ နံနက် ၈ နာရီ အချိန်က သွားရောက်စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်မှ တာဝန်ရှိသူများ၊ ဝန်ထမ်း များသည် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ရုတ်တရက်အနံ့အရသာပျောက်ဆုံးခြင်း၊ အသက်ရှူ ခက်ခဲခြင်းဖြစ်ပေါ်ပါက လုပ်ငန်းခွင်သို့ မလာရောက်ရန်နှင့် ဆိုင်ပိုင်ရှင်(သို့မဟုတ်) တာဝန်ရှိ သူထံအကြောင်းကြား၍ ဆေးကုသမှု ခံယူရန်၊ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများအားလုံး နေ့စဉ်လုပ်ငန်း ခွင်သို့မဝင်ရောက်မီ ကိုယ်အပူချိန် တိုင်းတာခြင်းနှင့် ကိုဗစ်-၁၉ရောဂါသံသယရှိ/မရှိ စစ်ဆေးခြင်း၊ လုပ်ငန်း ဆောင်ရွက်နေစဉ် ကိုဗစ်-၁၉ရောဂါလက္ခဏာခံစားရပါက အလုပ်မှချက်ခြင်းအနားပေးရန်၊ နီးစပ်ရာကျန်းမာ ရေးဌာနသို့သတင်းပို့ရန်နှင့် ဆေးကုသမှုခံယူရန်အတွက် သီးသန့်ခန်း(သို့မဟုတ်) နေရာ စီစဉ်ထားခြင်း၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများအားလုံး ပါးစပ်နှာခေါင်းစည်း မဖြစ်မေနေတပ်ဆင်ခြင်းနှင့် ငွေရှင်းကောင်တာနှင့် စားပွဲထိုးများသည် မျက်နှာကာ(Face Shield) တပ်ဆင်ခြင်း၊ စာသောက်ဆိုင်၊ လက်ဖက်ရည် ဆိုင်မှ တာဝန်ရှိ သူများ၊ ဝန်များအာလုံး မျက်နှာကာ(Face Shield) အသုံးပြုပြီးတိုင်း ဆပ်ပြာနှင့် ရေအသုံးပြုကာ စနစ်တကျပြန်လည်ဆေးကြောခြင်း၊ လူအများအသုံးပြုသည့် ပစ္စည်းများ (ဥပမာ တံခါးလက်ကိုင်၊ လှေကားလက်ရမ်း၊ ပန်ကန်ခွက်ယောက်)တို့ကို မကိုင်တွယ်မီနှင့် ကိုင်တွယ်ပြီးတိုင်း လက်ကိုအနည်းဆုံး စက္ကန့်(၂၀)ကြာအောင် စနစ်တကျ ဆေးကြော ခြင်းနှင့် အယ်လကို ဟောအနည်းဆုံး(၆၀%)ပါသော လက်သန့်ဆေးရည်ဖြင့်ဆေးကြောခြင်း၊ စားသောက်ဆိုင်နှင့် လက်ဖက်ရည် ဆိုင်မှတာဝန်ရှိသူများ၊ ဝန်ထမ်းများအနေဖြင့် စားသုံးသူ နှင့် လည်းကောင်း၊ အချင်းချင်းသော်လည်းကောင်း မျက်နှာချင်းဆိုင် နီးကပ်စွာဝိုင်းဖွဲ့ ပြောဆိုခြင်း၊ ဝိုင်းဖွဲ့စားသောက်ခြင်းမပြုဘဲ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ပြောဆိုရန် သတိပေးခြင်း၊ တစ်ရှူးများ၊ တစ်ကိုယ်ရေသုံးပစ္စည်းများ၊ အသုံးပြုပြီးသောတစ်ရှူးကို စနစ်တကျစွန့်ပစ်စေခြင်း၊ အသုံးပြုပြီးသော ခွဲစိတ်ခန်းသုံးပါးစပ်နှင့်နှာခေါင်းစည်းများ၊ လက်အိတ်တို့ကို စွန့်ပစ်ရန် Lable ကပ်ထားသောခြေနင်းအမှိုက်ပုံးစီစဉ်ထားခြင်း၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ တွင် ဆိုင်ထိုင်သွားရောက်စားသုံးသူများအနေဖြင့် လိုက်နာဆောင်ရွက်ရမည့်အချက်များ (တတ်နိုင်သရွေ့ဆိုင်ရှိလူအများမြင်သာ သောနေရာများတွင် ထားရှိပေးရန်)ဆောင်ရွက်ထားရှိခြင်းတို့ကိုစစ်ဆေးခဲ့ကြောင်းသိရှိရသည်။
မောင်လွင်(စလင်း)