အောင်လံ ဇူလိုင် ၂
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပွားစေရေး အတွက် မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များထားရှိ ဆောင်ရွက်ခြင်းကို ယမန်နေ့မှစတင်၍ ကျန်းမာရေးစစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထိုသို့မြို့ အဝင်အထွက်စစ်ဆေးရေးဂိတ် ဖွင့်လှစ်ဆောင်ရွက်နေထားရှိမှုအား မြို့နယ်အဆင့်ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ကော်မတီ ဥက္ကဋ္ဌ ဦးကျော်နိုင်နှင့်အဖွဲ့ဝင်များက မော်တော်ယာဉ်၊ ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်စသည်တို့ဖြင့် ခရီးသွားပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း Mask တပ်ဆင်စေခြင်း၊ ကိုယ်ပူချိန်တိုင်းတာခြင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စည်းကမ်းချက်များနှင့် အညီစစ်ဆေးဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မျိုးသိန်း