မအူပင် ၊ ဇူလိုင် ၁
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(မအူပင်)တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျောင်းဝန်းအတွင်းတွင် ကျင်းပသည်။
မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (မအူပင်)တာဝန်ခံ ဦးဝင်းမင်း ဦးစီးအရာရှိ ဦးဆောင်မှုဖြင့် ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူ များက မန်ဂျန်ရှား၊ ခရေ၊ သရက်၊ ပင်လယ်ကဗွီး၊ ပိတောက်၊ စိန်ပန်း၊ ဗန်ဒါ၊ မဟော်ဂနီ၊ ကီလိုမာလကာ စသည့် အရိပ်ရပင်များနှင့် စားသုံးသီးပင်များ စုစုပေါင်း အပင် (၁၀၀)ပင်အား စုပေါင်းစိုက်ပျိုး ခဲ့ကြကြောင်းသိရသည်။
အောင်ခိုင် ၊ အောင်မြင့်မြတ်(မအူပင်)