ပင်လည်ဘူး ဇွန် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ (၄)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ပင်လည်ဘူးမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ဇွန်လ (၃၀) ရက်နေ့နံနက်က သံသယရှိလူနာ (၁၉)ဦး လာရောက် စစ်ဆေးရာ အဆိုပါလူနာများအနက် ပင်လည်ဘူးမြို့နယ် မြို့မရပ်ကွက်၌နေထိုင်သူ (၄) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး (Positive) တွေ့ရှိ ခဲ့ကြောင်းသိရသည်။
ပင်လည်ဘူးမြို့နယ်တွင် ကိုဗစ်-၁၉အတည်ပြုလူနာ ယနေ့အထိ (၅) ဦးရှိပြီး ပိုးတွေ့ လူနာများအား မြို့နယ်ပြည်သူ့ဆေးရုံဝန်း အတွင်းရှိ သံဃာဆေးရုံတွင်ထားရှိသွားမည် ဖြစ် ကြောင်း သိရသည်။
အေးဝင်းခိုင်