ရွှေကျင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရွှေကျင် ဇွန် ၃၀

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၆ နာရီက မြို့နယ်အတွင်း သွားလာနေကြသော ပြည်သူများအား နှာခေါင်းစည်း တပ်ဆင်သွားလာရေးနှင့် မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်များတွင် အပူချိန်တိုင်းတာခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အထောက်အကူ ဖြစ်စေရန်အတွက် ရွှေကျင်မြို့အဝင် ရွှေကျင်-မဒေါက် (စစ်တောင်းတံတား) ထိပ်နှင့် ရွှေကျင်-တောင်ဘက် (ရွှေကျင်ချောင်းကူးတံတား) ထိပ်တို့တွင် စစ်ဆေး ရေးဂိတ်များ ဖွင့်လှစ်ထားရှိပြီး ပြည်သူများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် မဖြစ်မနေ နေအိမ် ပြင်ပသို့ သွားလာရာတွင် နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင်သွားလာရေးနှင့် မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်များတွင် အပူချိန်တိုင်းတာခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။                       

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသော အခြားတိုင်းနှင့် ပြည်နယ်များမှ ပြည်သူများ ရွှေကျင်မြို့နယ် အတွင်းသို့ ဝင်ရောက်လာမှုမရှိစေရေးကို ဌာနဆိုင်ရာများ မြို့နယ်ရဲတပ်ဖွဲ့ မီးသတ်တပ်ဖွဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

ထွန်းထွန်းဇော်