မအူပင်မြို့တွင် ၂၀၂၁ ခုနှစ် အားကစားဖွံဖြိုးတိုးတက်ရေး အစီအစဉ်(TSDP)ဖြင့် ကျင်းပပြုလုပ်သော အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

မအူပင် ဇွန် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၌ မြို့နယ် အားကစားဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်(TSDP)အရ ကျင်းပပြုလုပ်သော အမျိုးသား၊ အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီအချိန် အမှတ်(၂)ရပ်ကွက် ကမ်းနားလမ်းရှိ စားပွဲတင်တင်းနစ် အားကစားခန်းမ၌ ကျင်းပခဲ့သည်။

ဆုချီးမြှင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းက တက်ရောက် ဆုချီးမြှင့်ပြီး မအူပင်ခရိုင် အား/ကာတာဝန်ခံ ဦးကျော်မြင့်၊ မြို့နယ် အား/ကာတာဝန်ခံ ဒေါ်ဇင်မာခိုင်၊ ဘတ်စကက်ဘော ကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်နှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ခဲ့သည်။

ဘတ်စကက်ဘောပြိုင်ပွဲတွင် အမျိုးသား ဘတ်စကက်ဘော အသင်း(၄)သင်း၊ အမျိုးသမီး ဘတ်စကက်ဘော အသင်း(၃)သင်း စုစုပေါင်း(၇)သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး အမျိုးသားအသင်းတွင် အန်စတော့အေဖယ်အသင်းက (ပထမ)ဆု၊ Dragon Fighter အသင်းက (ဒုတိယ)ဆု၊ Black Wol အသင်းက (တတိယ)ဆုရရှိပြီး အမျိုးသမီး အသင်းတွင် ဂျက်စတစ်အသင်းက(ပထမ)ဆု၊ ဂလက်စီ အသင်းက (ဒုတိယ)ဆု၊ နိုက်ပလေယာအသင်းက (တတိယ)ဆု အသီးသီး ရရှိကြပြီး အမျိုးသား ဘတ်စကက်​ဘော အကောင်းဆုံးဆုနှင့် အမျိုးသမီးဘတ်စကက်ဘော အကောင်းဆုံးဆုများအား ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီအဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ခိုင်(ပြန်/ ဆက်)