မအူပင်ခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အမျိုးသမီးဖွံဖြိုးတိုးတက်ရေး ဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်

မအူပင် ဇွန် ၂၉    ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ ၃း၀၀နာရီက အမျိုးသမီးဖွံဖြိုးတိုးတက်ရေး ဆိုင်ရာအသိပညာပေး Talk Show ကိုဆောင်ရွက်ခဲ့သည်။

အဆိုပါအသိပညာပေး Talk Show ဆောင်ရွက်မှုနှင့်ပတ်သက်၍ မအူပင်ခရိုင်ဦးစီးအရာရှိ ဒေါ်တင်သူဇာလှိုင်က ခရိုင်လူမှုဝန်ထမ်းဦးစီး ဌာနနှင့်ပူးပေါင်း၍ ပြည်သူများ အမျိုးသမီး ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းဆိုင်ရာ အသိပညာပေးနိုင်ရန်ရည်ရွယ်၍ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားပြီးဆက်လက်၍ မအူပင်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ဝင်းဝင်းအေးက အမျိုးသမီးဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းနှင့် ပတ်သက်၍ စောင့်ရှောက်ရေး၊ ကြိုတင်ကာကွယ်ရေးများ ဆောင်ရွက်နေကြာင်း၊ လူမှုဝန်ထမ်းဌာနသို့ ပြစ်ဒဏ်နှင့် အကြမ်းဖက်မှုတွေကို တိုင်ကြားလာပါက Help Line ကနေတိုင်ကြားနေကြောင်း၊ လေ့ကျင့်ပေးထားသည့် Case မန်နေဂျာများနှင့် စစ်ဆေးပေးခြင်း၊ အသက်မွေးဝမ်းကြောင်း ပညာနဲ့ပတ်သက်၍ စစ်ဆေးပေးပါကြောင်း၊ အကြမ်းဖက်ခံရတာ မျိုးစုံရှိကြောင်း၊ စိတ်ပိုင်းဆိုင်ရာ၊ ဂုဏ်သိက္ခာကျဆင်းရေးဆိုင်ရာများ ဖြေရှင်းပေးရန် ညှိနှိုင်းပေးကြောင်း၊ အသက်မွေးဝမ်းကြောင်း ပညာတွေ ဆောင်ရွက် ပေးထားကြောင်း၊ အိမ်တွင်းမှုအတတ်ပညာတွေ၊ ပန်းအလှပြင် အတတ်ပညာတွေ ဆောင်ရွက်ပေး ခြင်းဖြင့် အမျိုးသမီးတွေဟာ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍများ ဆုံးဖြတ်ချက်ချနိုင်တဲ့နေရာတွေ ရောက်ရှိနေကြောင်း ဆောင်ရွက်သွားမည့် အခြေအနေများ အားပြည်သူများသိရှိစေရန်Talk Show အစီအစဉ်မှ တစ်ဆင့် အသိပညာ ပေးပြောကြားခြင်း ဖြစ်ကြောင်းသိရှိရပါသည်။ ခရိုင်ပြန်/ဆက်(မအူပင်)