ပခုက္ကူခရိုင်မီးသတ်ဦးစီးဌာနရုံးဝန်ထမ်းများစုပေါင်း၍ မိုးရာသီသစ်ပင်စိုက်ပွဲတော်အဖြစ် နှစ်ရှည်ပင်(၈၀)စိုက်ပျိုး

ပခုက္ကူ ဇွန် ၂၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်မီးသတ်ဦးစီးဌာနရုံးဝန်ထမ်းများစုပေါင်း၍ မိုးရာသီသစ်ပင်စိုက်ပွဲတော်အဖြစ် ယနေ့ နံနက် ၇ နာရီအချိန်က အဆိုပါရုံး (စစ်ရေးပြကွင်း) ၌ နှစ်ရှည်ပင်(၈၀) စိုက်ပျိုးကြသည်။

အဆိုပါသစ်ပင်စိုက်ပျိုးခြင်းကို ပခုက္ကူခရိုင်မီးဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်နိုင်၏ဦးဆောင်မှုဖြင့်  ခရိုင်ရုံး မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အေးအေးသန့်နှင့် တပ်ဖွဲ့ဝင်/မိသားစုများစုပေါင်း၍ ကျွန်းပင် (၁၀)ပင်၊ ခရေပင် (၂၀)ပင်၊ ​ရေတမာ (၂၀)ပင်၊ ဇီးဖြူပင် (၅) ပင်၊ ကုက္ကိုလ်ပင်(၂၅) ပင် စသည့် နှစ်ရှည်ပင်ပေါင်း (၈၀) ပင် တို့ကို အသီးသီးစုပေါင်းစိုက်ပျိုးကြကြောင်းသိရသည်။

ဆလိုင်းကိုကီး