မြို့သစ် ဇွန် ၂၉
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် Good Brothers Co,Ltd မှ နေပြည်တော် ကားလမ်းဘေးရှိ မိုင်တိုင် ( ၆၀/၂ ) မှ ( ၆၀/၄ )ရှိ ရေပြည့်ကျေးရွာအုပ်စု၊ ရေပြည့်ကျေးရွာတွင် မွေးမြူ ထားလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
တောင်သူများအနေဖြင့် နွားများမွေးမြူရာတွင် မျိုးကောင်း မျိုးသန့်ဖြစ်စေသော နွားအပြင် အိမ်တွင် မွေးမြူထားသော ခိုင်းနွား၊ နို့စားနွားနှင့်အသားစားနွားများကို တောင်သူများအနေဖြင့် အမျိုးမျိုးမွေးမြူထားကြောင်း တွေ့မြင်ရသည်။
ထိုသို့ မွေးမြူရာတွင် ဒေသမျိုးကောင်းမျိုးသန့်များ ဆက်လက် ထိန်းသိမ်းထားနိုင်ရေးအတွက် မျိုးနွားသို့ဖြင့် သဘာဝနည်းအရ သားစပ်ခြင်း လုပ်ငန်းများကိုလည်း သက်ဆိုင်ရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကာကွယ်ဆေးထိုး လုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိရာ ရေပြည့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများနှင့်အနီးရှိ ကျေးရွာများမှ မိမိတို့မွေးမြူထားသော နွားမျာကိုလည်း လာရောက် ဆက်သွယ်ကုသခြင်း၊ သားစပ်ခြင်းများကိုလည်း ကူညီဆောင်ရွက် ပေးလျက်ရှိသည်။
ထို့နောက် မွေးမြူရေးနှင့် အသားကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် မွေးမြူရေး တောင် သူများ အား တိရစ္ဆာန်မွေးမြူခြင်းနှင့်ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲ နှင့် သင်တန်းများကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ပူးပေါင်း၍ လုပ်ဆောင်လျက်ရှိရာ မိမိတို့၏ မွေးမြူထားသော နွားများနှင့် ပတ်သက်၍ Good Brothers Co,Ltd မှ မွေးမြူထားရှိ သော နွားမွေးမြူ ရေးခြံသို့သွားရောက်ကာ စုံစမ်းမေးမြန်းနိုင်ပါကြောင်း နွားမွေးမြူရေးခြံတာဝန်ခံ မခင်ချိုဝင်းထံမှသိရသည်။
ကိုဇော်