မြစ်ကြီးနား ဇွန် ၂၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အထွေထွေအုပ်ချုပ်ရေးရုံး မနောရွေပြည်ခန်းမ၌ နိုင်ငံသားတိုင်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ် (မှတ်ပုံတင်)ရရှိရေး အတွက် ပန်းခင်းစီမံချက် လုပ်ငန်းဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ၊အဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ ညွှန်ကြာရေးမှူး ဦးဝင်းရဲထွန်းက ပန်းခင်းစီမံချက် လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် အခမ်းအနား တက်ရောက်သူရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက သိရှိလိုသည် များ မေးမြန်းခြင်းနှင့် အပြန်အလှန်ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ရာ လူဝန်မှုကြီးကြပ်ရေး နှင့်ပြည်သူ့ အင်အားဆိုင်ရာ ညွှန်ကြားရေးမှူးက ဖြည့်စွက်ရှင်းလင်းဆွေးနွေးဖြေကြားခဲ့သည်။ အဆိုပါ အခမ်းအနားတွင် ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၊အဖွဲ့ဝင်၊ လူဝင်မှု ကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဆိုင်ရာ ညွှန်ကြာရေးမှူး ဦးဝင်းရဲထွန်း၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေး မှူးများ တက်ရောက်ခဲ့ ကြောင်းသိရှိ ရသည်။
ခရိုင်(ပြန်/ဆက်)