စစ်ကိုင်း ဇွန် ၂၈
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ၊ စစ်ကိုင်းမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ပေးအပ်ခြင်းကို ယနေ့ နံနက်(၁၁)နာရီက စစ်ကိုင်းမြို့ ရတနာဆင်များ ရှင်ဘုရား ရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များထုတ်ပေးရာတွင် စစ်ကိုင်းမြို့၊ တင်းတိပ်ရပ် ကွက်တွင် (၃၅)ဦး၊ ပန်ဘဲတန်းရပ်ကွက်တွင်(၅၀)ဦး၊ တကောင်းရပ်ကွက်တွင်(၄၅)ဦး၊ စုစုပေါင်း(၁၃၀)ဦး တို့အား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ခရိုင်ဦးစီးမှူး ဦးသက်ခိုင်၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာမောင်စိုး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ် ဦးစီးမှူး ဦးလေးမောင်တို့က လက်ဝယ်အရောက်ပေးအပ်ခဲ့ကြသည်။
စစ်ကိုင်းမြို့နယ်အနေဖြင့် ပန်းခင်းစီမံချက်ဖြင့် လူဦးရေ( ၁၀၇၂၆ )ဦး တို့အား အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကတ်တစ်မျိုးမျိုး ကိုင်ဆောင်နိုင်အောင် ဆောင်ရွက်လုပ်ကိုင်ပေးသွား ရမည်ဖြစ် ကြောင်း သိရသည်။
ဇော်မြင့်နိုင်