အိမ်မဲမြို့တွင် ကိုဗစ်(၁၉)ရောဂါကြိုတင်ကာကွယ်ရေးအတွက်နှာခေါင်းစည်းအခု(၂၀၀၀)ဖြန့်ဝေ

အိမ်မဲ ဇွန် ၂၇

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်အတွင်း ကိုဗစ်(၁၉)ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်ဌာနဆိုင်ရာများပူးပေါင်း၍ နှာခေါင်းစည်းအခု (၂၀၀၀)ကို ပြည်သူများ လက်ဝယ်အရောက် ယနေ့ နံနက် ၇ နာရီအချိန်က ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်ဦးဆောင်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် မီးသတ်ဦးစီးဌာနတို့မှပူးပေါင်း၍ မြို့နယ်အတွင်း လူစည်ကားရာနေရာများ၊ မြို့မစျေး၊ ဆိုင်ကယ်ကယ်ရီဂိတ်၊ ဆိုက်ကားဂိတ် စသည်တို့တွင် နှာခေါင်းစည်းအခု (၂၀၀၀)ကိုဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

ချစ်သက်လယ်