ပွင့်ဖြူမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၀)အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ

ပွင့်ဖြူ    ဇွန်    ၂၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၀)အောက် ကလပ်ပေါင်းစုံ ဖူဆယ်ဘောလုံး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ် ပြည်သူ့ အားကစားကွင်း၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်က အားကစားပြုလုပ်ခြင်းသည် အင်အားနှင့် ဉာဏ်ရည်ကို ပေါင်းစပ်ပြီး လှုပ်ရှား ယှဉ်ပြိုင်ရသည့်အတွက် ကိုယ်ကာယကျန်းမာ ဖွံ့ဖြိုးစေနိုင်ကြောင်း၊ “ကျန်းမာခြင်းသည် လာဘ်တစ်ပါး” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ လူငယ်လူရွယ်များ အားကစား ပြုလုပ်သည့်အလေ့အကျင့် များ ရရှိစေရန်နှင့် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေး ရည်ရွယ် ပြီး ယခုလို ပြိုင်ပွဲများကို စီစဉ်ကျင်းပပေးခြင်းဖြစ်ကြောင်း၊  ပြိုင်ပွဲဝင်အသင်းများအလိုက် ယှဉ်ပြိုင် ကစားကြရာတွင် ပြိုင်ပွဲစည်းကမ်းချက်များကိုလည်း အလေးထားလိုက်နာပြီး ယှဉ်ပြိုင်ကစားကြစေလို ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အသက်(၂၀)အောက် ကလပ်ပေါင်းစုံ ဖူဆယ် ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ကြပြီး  ပြိုင်ပွဲ ပထမနေ့အဖြစ် မြို့နယ်စိုက်ပျိုးရေး ဝါတပ်ကလပ်အသင်းနှင့် ညောင်ပင်ရွာ (က)ကလပ်အသင်း တို့ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

အဆိုပါ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၀)အောက် ကလပ်ပေါင်းစုံ ဖူဆယ် ဘောလုံးပြိုင်ပွဲကို မြို့နယ်အတွင်းရှိ ဘောလုံးအားကစားဝါသနာရှင် ကလပ်အသင်း(၈)သင်း ဝင်ရောက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် (ပထမ၊ ဒုတိယ၊ တတိယ)ဆုရရှိသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစား နှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးရန်လင်းအောင်ထံက သိရသည်။ 

ရဲဝင်းနိုင် ( ညောင်ဦး )