ရွှေကျင်မြို့နယ်တွင် (၂၀၂၁) ခုနှစ် အိုလံပစ်နေ့အထိမ်းအမှတ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဖလား (Physical Fitness Dance (EIM) ပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ

ရွှေကျင် ဇွန် ၂၅

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့တွင်  (၂၀၂၁) ခုနှစ် အိုလံပစ်နေ့အထိမ်းအမှတ် ရွှေကျင်မြို့နယ် အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌဖလား (Physical Fitness Dance (EIM)ပြိုင်ပွဲနှင့် ဆုပေးပွဲကို အ-ထ-က(ရွှေကျင်) ကျောင်း ပညာရတနာခန်းမတွင် ယနေ့ နံနက်ပိုင်းက ကျင်းပသည်။

ရှေးဦးစွာ ရွှေကျင်မြို့နယ် အားကစားမှူး ဒေါ်မို့မို့ဟိန်းကိုကိုမှ (Physical Fitness Dance (EIM)ပြိုင်ပွဲ၏ အမှတ်ပေး စည်းမျဉ်းများကို ရှင်းလင်းပြောကြားပေးခဲ့သည်။ ဆက်လက်ပြီး  အ-ထ-က(ရွှေကျင်) ကျောင်း တွင် ပညာသင်ကြားနေကြသော (၅) တန်းမှ (၇)တန်းအထိ ကျောင်းသူလေးများက (၅)ယောက်တစ်ဖွဲ့ဖြင့် စုစုပေါင်းအဖွဲ့(၅)ဖွဲ့ ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲဝင်ကျောင်းသူလေးများအားလုံးကို မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့မှ ဗလာစာအုပ်များကို ပေးအပ်ခဲ့ပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆု ရရှိသော ပြိုင်ပွဲဝင်အဖွဲ့များအား တာဝန်ရှိသူ များက ဆုများကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူ၊ ရွှေကျင်မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်ညွန့်ညွန့်ဌေး၊ ဌာနဆိုင်ရာ အကြီးအကဲများ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဇော်