တမူး သြဂုတ် ၉
၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းက အွန်လိုင်းစနစ်ဖြင့် တစ်နိုင်ငံလုံး ထုတ်ပြန်ကြေညာ ခဲ့ရာ တမူးမြို့နယ်တွင် အောင်ချက်ရာခိုင်နှုန်း (၂၅.၈၄) ရှိပြီး ယခင်နှစ်ကထက် အောင်ချက်တိုးတက်လာကြောင်း သိရသည်။
တမူးမြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင် စာမေးပွဲကို ကျောင်းသား/သူပေါင်း (၁၉၉၃) ဦးဖြေဆိုခဲ့ရာ (၅၁၈) ဦး အောင်မြင်ခဲ့၍ အောင်ချက် ရာခိုင်နှုန်း (၂၅.၈၄) ရှိပြီး ယခင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် (၂၅.၅၇) ရာခိုင်ရှိရာ ယခုနှစ် တွင် အောင်ချက်ရာခိုင်နှုန်း တိုးတက်လာကြောင်း မြို့နယ်ပညာရေးမှူးရုံး ထုတ်ပြန်ချက်များအရ သိရသည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်စာမေးပွဲ အောင်စာရင်းများကို တမူးမြို့နယ်အတွင်းရှိ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီးတွင် သြဂုတ်(၁၀) ရက်နေ့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကပ်ထားကြေညာမည်ဖြစ်ကြောင်း သိရသည်။
ကျော်သူရ(ပြန်/ဆက်)