ပွင့်ဖြူ ဩဂုတ် ၉
၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်များကို ယနေ့ နံနက်ပိုင်းက နိုင်ငံတစ်ဝန်း အွန်းလိုင်းစနစ်ဖြင့် ထုတ်ပြန်ကြေညာခဲ့ရာ မကွေးတိုင်း ဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုအောင်မြင်မှု ၄၀ ဒသမ ၆၀ ရာခိုင်နှုန်း ရှိခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ၊ မတ်လတွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၇) ခုဖြင့် ဖြေဆိုကျင်းပခဲ့ရာ ကျောင်းတွင်း ဖြေဆိုသူပေါင်း ၂၂၉၂ ဦး ၊ ပြင်ပဖြေဆိုသူပေါင်း ၁၄၃၆ ဦး ၊ စုစုပေါင်း ၃၇၂၈ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ကျောင်းတွင်းဖြေဆို အောင်မြင်သူ ၈၄၅ ဦး၊ ပြင်ပဖြေဆိုအောင်မြင်သူ ၆၁၄ ဦး ၊ စုစုပေါင်း ၁၄၅၉ ဦး ဖြေဆိုအောင်မြင်ခဲ့ပြီး အောက်ချက်ရာခိုင်နှုန်း ၄၀ ဒသမ ၆၀ ရာခိုင်နှုန်း ဖြေဆို အောင်မြင်ခဲ့ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့သူများတွင် ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်သူ (၂) ဦး ၊ ငါးဘာသာဂုဏ်ထူးရှင် ၈ ဦး ၊ လေးဘာသာဂုဏ်ထူးရှင် ၁၉ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၃၄ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၅၂ ဦး ၊ တစ်ဘာသာဂုဏ်ထူးရှင် ၁၈၄ ဦး ၊ စုစုပေါင်း ဂုဏ်ထူးဖြင့်ဖြေဆိုအောင်မြင်သူ ၂၉၉ ဦးရှိခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)