၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွင် မွန်ပြည်နယ်သည် ၃၄.၇၁ ရာခိုင်နှုန်းဖြင့် တစ်နိုင်ငံလုံး၌ တတိယရရှိ

မော်လမြိုင် ဩဂုတ်

ကိုဗစ်-၁၉ ကူးစက်ကပ်ရာဂါကြောင့် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို အွန်လိုင်းစနစ်ဖြင့် ယနေ့တွင် တစ်နိုင်ငံ လုံး၌ တစ်ပြိုင်နက်ထုတ်ပြန်ကြေညာခဲ့ရာ မွန်ပြည်နယ်သည် အောင်ချက် ၃၄.၇၁ ရာခိုင်နှုန်းဖြင့် တစ်နိုင်ငံလုံးတွင် တတိယရရှိခဲ့သည်။

၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မွန်ပြည်နယ်၌ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၃၀၅၇၈)ဦးရှိပြီး အောင်မြင်သူ ဦးရေမှာ (၁၀၆၁၄)ဦးရှိကြောင်း၊ ဂုဏ်ထူးရရှိမှုတွင် ခြောက်ဘာသာဂုဏ်ထူးရှင် (၂၄)ဦး၊ ငါးဘာသာဂုဏ်ထူးရှင် (၄၄)ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် (၉၉)ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင်(၂၁၁)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၃၉၉)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၁၂၀၆)ဦး စုစုပေါင်း ဂုဏ်ထူးရရှိသူ (၁၉၈၃) ဦးရှိပြီး အောင်ချက်မှာ ၃၄.၇၁ ရာခိုင်နှုန်းဖြင့် တစ်နိုင်ငံလုံးတွင် တတိယ ရရှိခဲ့ကြောင်း ယနေ့ online စနစ်ဖြင့် ထုတ်ပြန်သည့် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းမှ သိရသည်။

ခရိုင်(ပြန်/ဆက်)