စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ် ပျော့ရွာကျေးရွာအနီး လိုက်ထရပ်ယာဉ်တိမ်းမှောက်မှုဖြစ်ပွား

မြင်းမူ ဩဂုတ် ၆

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ပျော့ရွာကျေးရွာအနီး ယနေ့ နေ့လယ်ပိုင်းက လိုက်ထရပ်ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မန္တလေး - မုံရွာကာလမ်း မိုင်တိုင်အမှတ် ၃၉/၅နှင့် ၃၉/၆ကြားတွင် မုံရွာဘက်မှ မန္တလေး ဘက်သို့ မောင်းနှင်လာသည့် အဖြူရောင် လိုက်ထရပ်ယာဉ် MDY 8l/  …..  သည် ယင်းနေရာအရောက်တွင် ညာဘက် နောက်ဘီးပေါက်ကာ   အရှိန်မထိန်းနိုင်ဘဲ လမ်းညာဘက်ရှိ ရေမြောင်း ထဲသို့ထိုးကျခဲ့ရာ ယာဉ်မောင်းမှာဒဏ်ရာမရရှိဘဲ ယာဉ်ပေါ် ပါခရီးသည်(၁၁)ဦးမှာ ဒဏ်ရာအသီးသီးရရှိခဲ့ပြီး (၂)ဦးမှာ (မစိုးရိမ်ရ)အတွင်းလူနာအဖြစ် မန္တလေးဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရှိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်းသူ မြောင်မြို့နယ်-ကျောက်ရစ်ကျေးရွာနေသူအား မြင်းမူရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း မြို့နယ်ရဲစခန်းမှ သိရှိရသည်။

အောင်စိုးဖေ(မြင်းမူ)