သာပေါင်းမြို့နယ် အခြေခံပညာမူလတန်းကျောင်းများရှိ မူကြိုကလေးငယ် (၂၁၅၅) ဦးတို့ကို ကျောင်းတွင်းအာဟာရကျွေးမွေး

သာပေါင်း ဇူလိုင် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ မူကြိုကျောင်းကလေးငယ်များ ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစေရန် ရည်ရွယ်၍ အာဟာရကျွေးမွေးခြင်းအစီအစဉ်များကို ယမန်နေ့ နံနက် ၁၁ နာရီက အခြေခံပညာမူလတန်းကျောင်းများ၌ ကျွေးမွေးခဲ့ကြသည်။

မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောင်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့နှင့် ပူးပေါင်းကာ ကျောင်းနေအရွယ် ကလေးများအာဟာရ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များအရ ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်၊ ကြီးထွားဖွံ့ဖြိုးမှုနှုန်း မှန်ကန်စေရန်၊ အမူအကျင့်ကောင်းများ ရရှိရန်၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်ပုံစံများ စွဲမြဲလာစေရန်၊ ဉာဏ်ရည်မြှင့်တင်ရန်၊ အာဟာရပြည့်ဝခြင်းဖြင့် သင်ယူမှုစွမ်းရည်နှင့် ပညာရေးတိုးတက်မှုကို အထောက် အကူပြုစေရန် အဓိကရည်ရွယ်၍ ကျောင်းပေါင်း (၂၂၅) ကျောင်းရှိ KG တန်းနှင့် မူလတန်းအဆင့် ကလေးငယ် ကျောင်းသား၊ ကျောင်းသူ (၂၁၅၅) ဦးတို့ကို အာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး (ပြန်/ဆက်)