အင်္ဂပူ ဇူလိုင် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ပြည်သူဗဟိုပြုသော ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်မှု သိကောင်းစရာရှင်းလင်းတင်ပြခြင်း အခမ်းအနားပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးဇော်လင်းအောင်တို့က အမှာစကားပြောကြားပြီး ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးဇော်မင်းထွန်းက ပြည်သူကိုဗဟိုပြုသောရဲလုပ်ငန်းစနစ် အကောင်အထည် ဖော်ဆောင်ရွက်မှုလုပ်ငန်းများကို Power Point ဖြင့်ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ မြို့နယ် အတွင်း ပြည်သူဗဟိုပြုရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် မိတ်ဖက် အဖွဲ့အစည်းများဖြင့် ရင်းရင်းနှီးနှီးစကားဝိုင်း ဆွေးနွေးပြောကြားပြီး မှတ်တမ်းတင်ဓာတ်ပုံ စုပေါင်းရိုက်ကူးခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်စီမံခန့် ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းအောင်၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးဇော်မင်းထွန်းနှင့်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ မိတ်ဖက်အဖွဲ့အစည်းများ တက်ရောက် ခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)