စစ်ကိုင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်မာရေး စောင့်‌ရှောက်မှုပေး

စစ်ကိုင်း၊    ဇူလိုင်   ၂၁

စစ်ကိုင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်း စားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အာဟာရဆန်ပြုတ်များတိုက်ကျွေးခြင်းနှင့် စားသုံး ဆီများစျေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပင်စင်လာရောက်ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ခရိုင်ပြည်သူ့ဆေးရုံကြီးမှ ဆရာ၊ ဆရာမများက သွေးပေါင်ချိန်တိုင်းခြင်း၊ ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်း၊ လိုအပ်သည့်ဆေးဝါး

များ ထောက်ပံ့ပေးခြင်း၊ မြန်မာ့စီးပွားရေးဘဏ်မှ အဟာရဆန်ပြုတ်များတိုက်ကျွေးခြင်းနှင့် စားသုံး ဆီများစျေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းများကိုဆောင်ရွက်ပေးခဲ့ရာ စစ်ကိုင်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်းရွက်ပေးခဲ့ကြောင်း သိရသည်။

နေလင်းအောင်(ပြန်/ဆက်)