ကြံခင်းမြို့၌ ပြည်သူဗဟိုပြုရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်မှု သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ကြံခင်း ဇူလိုင် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၌ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ပြည်သူဗဟိုပြုသောရဲလုပ်ငန်းစနစ် အကောင် အထည်ဖော်ဆောင်ရွက်မှု သိကောင်းစရာရှင်လင်း ဆွေးနွေးခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးကျော်ဇံက မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့် ရာဇဝတ်မှုခင်းများ ကျဆင်းလာစေရန်အတွက် သက်ဆိုင်ရာဌာနများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများမှလည်း ဝိုင်းဝန်းပူးပေါင်း ပါဝင်ကာ အတူဆောင်ရွက်ပေးကြစေလိုကြောင်း၊ မြို့နယ်အတွင်း၌ မူးယစ်ဆေးဝါး၊ လောင်းကစား များ၊ လုယက်၊ ဖောက်ထွင်းခိုးယူမှုများ ကင်းစင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေး ပြောကြားကာ ပြည်သူကိုဗဟိုပြုသောရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်မှုလုပ်ငန်း များကို  Power Point ဖြင့် အကျယ်တစ်ဝံ့ ရှင်းလင်းဆွေးနွေးပြောကြားသည်။

ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်မှု သိကောင်းစရာ ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးကျော်ဇံနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မရဲစခန်းမှူးနှင့်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ် ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)