နာဂဒေသလဟယ်မြို့၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးစေရန် လူငယ်စကားဝိုင်းကျင်းပ

လဟယ် ဇူလိုင် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊လဟယ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်စပ်‌ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့ပူးပေါင်းကျင်းပသောကျောင်းသားလူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယနေ့နံနက်(၀၉:၀၀)နာရီအချိန် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ကျင်းပပါသည်။

ဦးစွာ သင်တန်းကျောင်းအုပ် ဦးအောင်ကျော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးရှားဆက်က လူငယ်စကားဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပါသည်။ ထို့နောက်လူငယ်စကာဝိုင်းကိုစတင်ကျင်းပရာ မောင်လန်းရှင်(Grade-11)က လူငယ်နှင့် အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊မကျကန်းပီ(Grade-9)ကလူငယ်နှင့် အချိန်၏တန်ဘိုးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်တိုင်မန်း(Grade-9)ကလူငယ်နှင့်ဆိုရှယ်မီဒီ၏ကောင်းကျိုး၊ ဆိုးကျိုးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မသဲဇော်(Grade-8)ကလူငယ်နှင့်အကျင့်စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးကြပြီး ကျောင်းသား/သူများကသိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့‌ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)