မြို့သစ် ဇူလိုင် ၂၀
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်သမဝါယမဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ်၊ လူမှုစီးပွားမြှင့်တင်ရေး(သက်တံ့ရောင်) စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေမှ ဝါသီးနှံစိုက်ပျိုးသည့်တောင်သူများအတွက် မျိုးနှင့်သွင်းအားစုပံ့ပိုးပေးအပ်ပွဲကို ဇူလိုင် ၁၈ ရက်နံနက်ပိုင်းက မြေပြင်သာကျေးရွာအုပ်စု၊ မြေပြင်သာကျေးရွာ ဘုန်းတော်ကြီးကျောင်း(ဓမ္မာရုံ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့သစ်မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇာလတ်ဖြူက ဝါသီးနှံစိုက်ပျိုးသည့် တောင်သူများအား လူမှုစီးပွားမြှင့်တင်ရေး(သက်တံ့ရောင်)စီမံကိန်းဖြင့် မျိုးနှင့်သွင်းအားစုများ ပံ့ပိုးပေးအပ်ရခြင်း ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြား၍ မြေပြင်သာကျေးရွာစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းသား တောင်သူ(၄၆)ဦး၊ ဝါသီးနှံဧက(၁၅၀)ဧကအတွက် စုစုပေါင်းငွေကျပ်သိန်း (၃၅၄၀၀၀၀၀/-) တန်ဖိုးရှိ မျိုးစေ့နှင့်သွင်းအားစုများ ပံ့ပိုးပေးအပ်ခဲ့ကြောင်း
သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)