မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးသက်ထွေး ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

မုဒုံ ဇူလိုင် ၁၈

မွန်ပြည်နယ်၊ မုဒုံမြို့နယ် အမှတ်() အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ပညာချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ()နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူများမှ အနာဂတ် လူရည်ချွန်သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး  မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးသက်ထွေးက ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံများတွင် လူ့စွမ်းအားအရင်းအမြစ်သည် အဓိကအရေးပါသည့်အတွက် လူ့စွမ်းအားအရင်းအမြစ် မွေးထုတ်ပေးသည့် ပညာရေးကဏ္ဍသည် အလွန်အရေးကြီးသည့် ကဏ္ဍတစ်ရပ်ဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် လိုအပ်သည့်ပညာတတ်များ မွေးထုတ်ပေးရန်အတွက် ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် KG+9 အထိ အတန်းပညာကို မသင်မနေရ ပညာရေးစနစ်အဖြစ် ရည်မှန်းချက်ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းနှင့် နိုင်ငံတော်အတွက်လိုအပ်သည့် အရည်အသွေးမြင့်မားသော အသိပညာရှင်၊ အတတ်ပညာရှင်၊ လူရည်ချွန်၊ လူရည်မွန်များ မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေးစနစ်ကို နိုင်ငံတော်က ထူထောင်ပေးထားပြီးဖြစ်တာနှင့်အညီ ဤပညာရေးစနစ် သက်ဝင်ရှင်သန် ဖွံ့ဖြိုးတိုးတက်လာစေရန် မိဘ၊ ပြည်သူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ စေတနာရှင်ပြည်သူများအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြပါရန် အမှာစကားပြောကြားသည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီးက ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့နှင့် တာဝန်ရှိသူများက မွန်ပြည်နယ် Top Ten နှင့် ()ဘာသာဂုဏ်ထူးရှင် ()ဦး၊ ()ဘာသာဂုဏ်ထူးရှင် ()ဦး၊ ()ဘာသာဂုဏ်ထူးရှင် ()ဦး၊ ()ဘာသာဂုဏ်ထူးရှင် ()ဦး၊ ()ဘာသာဂုဏ်ထူးရှင် (၁၁)ဦး၊ ရိုးရိုးအောင်မြင်သူ (၃၈)ဦးတို့ကို ပညာရည်ချွန်ဆုများ ချီးမြှင့်ပေးအပ်သည်။

ယင်းနောက် စေတနာရှင်အလှူရှင်းများက လှူဒါန်းငွေကျပ် (၄၈)သိန်း ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျောင်းသား၊ ကျောင်းသူများကတို့ကျောင်းတော်တေးသီချင်းသီဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ရာမည(ပြန်/ဆက်)