မင်းလှမြို့၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြ

မင်းလှ ဇူလိုင် ၁၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၂၇) စက်မှုလယ်ယာစခန်းက လက်ဆက်‌ကျေးရွာအုပ်စု၊ လက်ဆက်ကျေးရွာ၊ ဦးပိုင်အမှတ် (၃၂/၁)၊ ကွင်းအမှတ်(၇၉၂)၊ တောင်သူဦး‌လှမင်းသူ၏ လယ်မြေ (၅)ဧက၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ဇူလိုင် ၁၆ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်သည်။

အဆိုပါသရုပ်ပြပွဲတွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှုး ဦးအောင်ဖြိုးနှင့် ဝန်ထမ်းများက မိုးစပါးဗီယက်နန် ရက်(၁၀၀)မျိုးအား ကောက်စိုက်စက်နှင့် လက်စွဲကောက်စိုက်စက်တို့ဖြင့် စိုက်ပျိုးသရုပ်ပြခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်/ကြပ်ကော်မတီဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံတောင်သူများက  ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)