လဟယ် ဇူလိုင် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နာဂဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးလှထွန်း၊ အတွင်းရေးမှူး ဦးညီညီထွေးနှင့် နာဂဦးစီးအဖွဲ့၀င်များ၊ နာဂဒေသလ၀ကဦးစီးမှူး ဦးစိုးတင့်အောင်၊ လဟယ်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်သက်ထူးတို့သည် ယနေ့နံနက် (၁၁:၃၀) နာရီအချိန်လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ် ဦးစီးမှူးရုံးမှလဟယ်မြို့အခြေခံပညာနှင့် စိုက်မှု၊ စိုက်ပျိုး၊ မွေမြူးရေးအထက်တန်း ကျောင်းချယ်ရီ မြိုင်ခန်မ ၌ (Grade-12မှGrade-6) တန်းကျောင်းသား ကျောင်းသူများအား နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခြင်းနှင့် UID ဆောင်ရွက်ခြင်း လုပ်ငန်းဆောင် ပေးနေမှုကို ကြည့်ရှု အားပေးပါသည်။
ထို့နောက် နိုင်းငံသားကတ်ပြားများ ဆောင်ရွက်ပြီးသည့် ကျောင်းသား/ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကိုနာဂဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် ဦးစီးအဖွဲ့၀င်များက ကျောင်းသား သူများကို ပေးအပ်ခဲ့ ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)