စစ်တွေ ဇူလိုင် ၉
ရခိုင်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးကော်မတီနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၈ ရက်က ရခိုင်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ(၁)၌ကျင်းပသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက ဥပဒေပြုရေးကော်မတီသည် ရခိုင်ပြည်နယ်လွှတ်တော်၏ ဥပဒေပြုရေးနှင့်ပတ်သက်၍ အဓိကကျသော ကော်မတီတစ်ခုဖြစ်ကြောင်း၊ မိမိတို့လွှတ်တော်သည် ပြည်သူလူထုအကျိုးဖြစ်ထွန်းစေမည့် ဥပဒေများပြဋ္ဌာန်းခြင်း၊ ခေတ်နှင့်လျော်ညီမှုရှိစေရန် ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်းစသည့်ကိစ္စရပ်များကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဌာနဆိုင်ရာများအနေဖြင့် မိမိတို့နှင့်သက်ဆိုင်သည့် ဥပဒေများကို ခေတ်နှင့်အညီ ပြင်ဆင်နိုင်ရေးအတွက် လိုအပ်သည့်အကြံပြုချက်များပေး၍ ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားသည်။
ရခိုင်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးကော်မတီအတွင်းရေးမှူးက အစည်းအဝေးကျင်းပခြင်း၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)