ဘောလခဲ ဇွန် ၂၈
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နေ ပြည်သူများအား သစ်တော၊ သစ်ပင်၏ တန်ဖိုးများကို သိရှိနားလည်စေရန်၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးကို အလေးထားတတ်စေရန်၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက် (၇) နာရီအချိန်က ရှမ်းပိုင်းရပ်ကွက်၊ အမှတ် (၁၀) လမ်းဘေးမြေနေရာတွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပခဲ့သည်။
ရှေးဦးစွာ ဘောလခဲခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးထက်စံ၊ ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စမ်းစမ်းလဲ့၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးအေးမောင်နှင့် ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူးတို့က ပျိုးပင်များကို ပေးအပ်ခဲ့ကြပြီး၊ ခရိုင်မီးသတ်ဦးစီးဌာနနှင့် တာဝန်ရှိသူများက ပျိုးပင်များကို လက်ခံခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ ဘောလခဲခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်နှင့် ကော်မတီဝင်များ၊ ခေတ္တမြိုနယ်အုပ်ချုပ်ရေးမှူး ဦးချစ်မောင်မောင်ဦးနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ကျောင်းသား/သူများ၊ မြို့နေပြည်သူများက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ ရရှိသည့် သပြေဘူတပျိုးပင် (၂၁၆) ပင်အား စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)