သနပ်ပင် ဇွန် ၂၇
ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ကြီးကြပ်မှုဖြင့် ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ဒေသအတွင်းငါးသယံဇာတ တိုးပွားလာစေရန်၊ ငါးရိက္ခာဖူလုံမှုရှိစေရန်နှင့် ဒေသရင်း ငါးမျိုးစိတ်များ မျိုးသုန်းပျောက်ကွယ်မှုမှ ကာကွယ်ရန် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက် (၉)နာရီက ပုဂံညောင်ပင်ရေလွှဲပေါက်ချောင်း၌ ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်မျိုးဝင်း၊ ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ စုမျိုးသွယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းသန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်းနှင့်ဝန်ထမ်းများ၊ ငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးအောင်မျိုးဦး နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသက်နောင်နှင့် အင်းသားကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်သူများ စုစုပေါင်းအင်အား(၆၅)ဦးခန့် တက်ရောက်ခဲ့ကြပြီး ပုဂံ ညောင်ပင်ရေလွှဲ ပေါက်ချောင်းရေပြင် အတွင်းသို့ သနပ်ပင် ငါးလုပ်ငန်းစခန်းတို့မှ မွေးမြူထားသော ၂ လက်မအရွယ် ရွှေဝါငါးကြင်းသားပေါက်ကောင်ရေ (၅၀၀၀၀)၊ ငါးမြစ်ချင်းသားပေါက်ကောင်ရေ (၁၀၀၀၀၀) နှင့် ငါးခုံးမကြီးသားပေါက်ကောင်ရေ (၅၀၀၀၀)၊ စုစုပေါင်းကောင်ရေ (၂၀၀၀၀၀) အား ပုဂံ ညောင်ပင်ရေလွှဲပေါက်ချောင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)