သနပ်ပင် ဇွန် ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် သနပ်ပင်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ (၁၀၄)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက သနပ်ပင်မြို့ သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲတွင် သနပ်ပင်မြို့နယ်၊ သမဝါယမကဏ္ဍမှ စီမံကိန်းသီးနှံမှိုစိုက်ပျိုးရန်နှင့် ဒေသကြက်မွေးမြူရေးလုပ်ငန်းဆောင်ရွက်ရန်အတွက် သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းစုဥက္ကတို့မှ စုပေါင်း၍ သနပ်ပင်မြို့နယ်၊မှိုစိုက်ပျိုးသည့် မျိုးမြန်မာရောင်းဝယ်ရေးလုပ်ငန်းမှ အသင်းသား ဦးမြတ်နိုင်အား ငွေ (၁၀) သိန်းကျပ်နှင့် ဒေသကြက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သော ဒိုင်းမွန်းစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသားဦးမြင့်သိန်းတို့အား ထောက်ပံ့ငွေကျပ် သိန်း(၁၀၀) ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)