ရေတာရှည်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ရေတာရှည် ဇွန် ၂၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက အ-ထ-က ရေတာရှည်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်တွင် "အဆိုးကျော့စက်ဝန်းအဆုံးသတ်ဖို့အုပ်စုဖွဲ့မှုခင်းတိုက်ဖျက်စို့” ခေါင်းစဉ်ဖြင့်ဆောင်းပါး၊ "မူးယစ်ဆေးဝါးဆိုသည်မှာ" ခေါင်းစဉ်ဖြင့် မူးယစ်ဆေး၏ဆိုးကျိုးများအကြောင်း၊ ၂၀၂၅ ခုနှစ်က မီးရှိုးဖျက်ဆီးခဲ့သည့် မူးယစ်ဆေးများ၊ "မူးယစ်ဆေးဝါးအုပ်စု(၅)မျိုးအကြောင်း၊ ကာတွန်း၊ "ဝိုင်းဝန်းကာကွယ်မူးယစ်ဆေးဝါးအန္တရာယ်" ကဗျာ၊ "ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ"၊ တောင်ကြီးမြို့ အဝေရာကုန်းသာယာမီးပုံးပျံကွင်း၌ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကိုမီးရှို့ဖျက်ဆီးသည့် မှတ်တမ်းဓါတ်ပုံအစရှိသည် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် လူငယ်များသိသင့်သိထိုက်သည်များကို လက်ကမ်းစာစောင်တွင် ထည့်သွင်းဖော်ပြထား‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)