ထန်းတပင်(ပဲခူး)ဇွန် ၂၇
၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးသတင်းစကားလက်ကမ်းစာစောင်များကို တောင်ငူခရိုင် ထန်းတပင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများ မူးယစ်အန္တရာယ်နှင့်ပတ်သက်သည့်အကြောင်းအရာများကိုသိရှိစေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက ဖြန့်ဝေပေးခဲ့သည်။
ထိုသို့ဆောက်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများထံဖြန့်ဝေပေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်တွင် အဆိုးကျော့စက်ဝန်း အဆုံးသတ်ဖို့အုပ်စုဖွဲ့မှုခင်း တိုက်ဖျက်စို့၊ မူးယစ်ဆေးဝါးဆိုသည်မှာ၊ မူးယစ်ဆေးဝါးအုပ်စု(၅)မျိုး၊ ကျောင်းသားလူငယ်များသိရှိလိုက်နာသင့်သည့်အချက်များ၊ ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ်များစသည့် အကြောင်းအရာများပါသည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးသတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)