ဖြူးမြို့နယ်၌ မိုးစပါးစိုက်ပျိုးသည့် သမဝါယမအသင်းသားများအား မျိုးနှင့်သွင်းအားစုများပေးအပ်

ဖြူး ဇွန် ၂၇

(၁၀၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ်၊ သမဝါယမကဏ္ဍမှဆောင်ရွက်သော မိုးစပါးစိုက်ပျိုးသည့် အသင်းသားတောင်သူများအား မျိုးနှင့်သွင်းအားစုဓါတ်မြေသြဇာများပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်သမဝါယမအသင်းစုရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေးအပ်ပွဲတွင် မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဋ္ဌေးဋ္ဌေးမြင့်နှင့် မြို့နယ်အသင်းစုဥက္ကဋ္ဌ ဦးလှိုင်စိုးတို့က အဖွင့်အမှာစကားပြောကြားပြီး ဖြူးမြို့နယ်အတွင်း သမဝါယမကဏ္ဍမှ ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အသင်း(၇)သင်း၊ အသင်းသား(၇၃)ဦး၏ မိုးစပါးစိုက်ဧက(၁၀၀၀)အတွက် စိုက်ပျိုးစနစ်ကျရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေး၊ အထွက်နှုန်းကောင်းမွန်စေရေးအတွက် မျိုးနှင့်သွင်းအားစုများအားပေးအပ်ခဲ့ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)