မြောင်းမြမြို့တွင် ရက် (၁၀၀) စီမံချက်ဖြင့် မျက်စိကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်

မြောင်းမြ ဇွန် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ကျောင်းကျန်းမာရေးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် မျက်စိကျန်းမာရေးစစ်ဆေးခြင်းကို ဇွန်လ (၁၅) ရက်နေ့ နံနက် (၉း၃၀) နာရီ အချိန်က အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

မြောင်းမြမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦး‌အောင်ကိုကို၊ ကျောင်းကျန်း မာရေးဌာနမှ ကျန်းမာရေးမှူး ဒေါ်နွယ်နွယ်အောင်၊ စားသုံးသူ ရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးလှထွဋ်ဦးနှင့် မြို့နယ် မိခင်နှင့်စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက ကျောင်းဝန်းအတွင်းရှိ မုန့်စျေးတန်း၌ ‌ရောင်းချပေး လျက်ရှိသည့် မုန့်များအား သန့်ရှင်းမှု ရှိ/မရှိ၊ သက်တမ်းကုန်ဆုံး၍ စားသုံးရန် သင့်/မသင့် အပြင် ရေသုံးစွဲမှုများအားလည်းကောင်း စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး ‌ကျောင်းကျန်းမာရေးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည့် မျက်စိကျန်းမာရေးစစ်ဆေးနေမှု အခြေအနေများအား ကြည့်ရှုအား ပေးခဲ့သည်။

မြောင်းမြမြို့တွင် ကျောင်းကျန်းမာရေးဌာန အနေဖြင့် အခြေခံပညာကျောင်းများ၌ မူလတန်းမှ အထက်တန်းအထိ ကျောင်းသား၊ ကျောင်းသူများအား မျက်စိကျန်းမာရေးစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာ (ပြန်/ဆက်)