ဖြူးမြို့နယ် လူငယ့်အားမာန် မူလတန်းလွန်ကျောင်း၌ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေး

ဖြူး ဇွန် ၉

တိုင်းရင်းဆေးပညာဦးစီးဌာန (ရုံးချုပ်)နှင့် ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် တောင်ငူခရိုင်၊ ဖြူးမြို့နယ် လူငယ့်အားမာန် မူလတန်းလွန်ကျောင်းရှိ ကျောင်းသား/ ကျောင်းသူများအား ဖြူးမြို့နယ် (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ယနေ့နံနက် (၁၁) နာရီအချိန်က သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဖြူးမြို့နယ် (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ် ဒေါ်စိုးလက်မီနှင့် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဇင်မင်းထွန်း၊ ဆရာ/ ဆရာမများမှ ကျောင်းသား/ သူ (၈၀) ဦးခန့်အား ချောင်းဆိုးခြင်း၊ ဗိုက်နာခြင်း၊ သဲဝဲစားခြင်းများနှင့် လက်တလောဖြစ်ပေါ်နေသည့် ကျန်းမာရေးအခြေအနေများကို စစ်ဆေးကာ လိုအပ်သည့် တိုင်းရင်းဆေးများပေးခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)