ငါးသိုင်းချောင်းမြို့တွင် မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် မျိုးစေ့ချစိုက်ပျိုးခြင်း ကွင်းသရုပ်ပြ စိုက်ပျိုးပွဲကျင်းပ

ငါးသိုင်းချောင်း ဇွန်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ၂၀၂၆ ခုနှစ်၊ မိုးစပါးမျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် မျိုးစေ့ချစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ငါးသိုင်းချောင်းမြို့၊ မအူကုန်ကျေးရွာမှ တောင်သူဦးအောင်ဆန်း၏ လယ်မြေ () ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ငါးသိုင်းချောင်းမြို့ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထက်အောင်က ကျေးရွာရှိတောင်သူလယ်သမားများနှင့်တွေ့ဆုံကာ ပြည်တွင်းစားနပ်ရိက္ခာ ပြည့်စုံဖူလုံရေးနှင့် ပြည်ပတင်ပို့မှုတို့အတွက် လျာထားချက်ပြည့်မီကျော်လွန်စေရန်၊ ပန်းတိုင် အထွက်နှုန်း စပါးတင်း၁၀၀နှင့်အထက် ထွက်ရှိအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ် ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် မိုးစပါးမျိုးစေ့ချ သရုပ်ပြခြင်းအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ သည်။

အဆိုပါမျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် မျိုးစေ့ချစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ မြို့အုပ်ချုပ်ရေးမှုးဦးရဲထက်အောင်၊ ငါးသိုင်းချောင်းမြို့ မြေစာရင်းဦးစီးဌာနမှ ဦးစီးမှူး ဦးရဲမင်းထွန်း၊ ငါးသိုင်းချောင်းမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်လှမြင့်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)