ငါးသိုင်းချောင်း ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးနှင့် စိမ်းလန်းစိုပြေရေးအတွက် ယနေ့နံနက်က မြို့စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများက မြို့အတွင်းရှိအောင်ဇေယျလမ်း၊ ဘုရားလမ်းနှင့် မြို့အဝင်ဆိုင်းဘုတ်အနီး၌ ပန်းအလှပင်များစိုက်ပျိုး ဆောင်ရွက်နေကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇေယျ၏ ကြီးကြပ်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့်တာဝန်ရှိသူများက ချုံနွယ်ပေါင်းမြက်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ပန်းအလှပင်များအားစိုက်ပျိုးခြင်း၊ ဖွဲ၊ သဲ၊ မြေဆီပက်ဖြန်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ငါးသိုင်းချောင်းမြို့ စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့အတွင်းသန့်ရှင်းသာယာလှပစေရန်၊ အမှိုက်များ စနစ်တကျစွန့်ပစ်စေရန်အတွက် ပြည်သူများအားအသိပေးနှိုးဆော်ခြင်း၊ လေကောင်းလေသန့်ရရှိစေရန်အတွက် ပုံမှန်သန့်ရှင်းရေးနှင့် အထူးသန့်ရှင်းရေးလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)