သထုံ ဇွန် ၄
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်း၏ သူတစ်ပါးထိခိုက်မှုအာမခံနစ်နာကြေးငွေ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လိပ်အင်းရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ သထုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်က အမှာစကားပြောကြားပြီး မြန်မာ့အာမခံလုပ်ငန်း၊ သထုံခရိုင်တာဝန်ခံ ဒေါ်မျိုးသဉ္ဇာလင်းက သူတစ်ပါးထိခိုက်မှု အာမခံနစ်နာကြေးငွေ ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြား သည်။
ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ထိခိုက်သေဆုံးခဲ့ရသူ ၁၃ ဦးတို့အတွက် အာမခံနစ်နာကြေးငွေ စုစုပေါင်း ကျပ်သိန်း ၃၉၀ အား အကျိုးခံစားခွင့်ရှိသူများထံ ပေးအပ်ကြရာ လက်ခံရရယူကြပြီး နစ်နာကြေးငွေ ရရှိကြသူများကိုယ်စား အကျိုးခံစားခွင့်ရရှိခဲ့သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)