ဒိုက်ဦးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ၂၀၂၆ မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများ အားထုတ်ချေးပေးလျက်ရှိ

ဒိုက်ဦး  ဇွန်      ၃

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၆ခုနှစ်၊ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများအား ယနေ့နံနက်ပိုင်းက ကလိကျေးရွာအုပ်စုနှင့် ဒရယ်မီးရပ်ကွက်တောင်သူများကို ဒိုက်ဦးမြို့နယ်မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ဆက်လက်ထုတ်ချေး‌ပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ထုတ်ချေးပေးရာတွင် ယခင်နှစ်စိုက်ပျိုးစရိတ်ချေးငွေများကိုအကြေ ပေးဆပ်ပြီးဖြစ်သည့်  တောင်သူများအား ထုတ်‌ချေးပေးခြင်းဖြစ်ပြီး လယ်မြေတစ်ဧကလျှင် ငွေကျပ်တစ် သိန်းငါးသောင်းနှုန်းဖြင့် ယနေ့ထိတောင်သူ (၂၀၂)ဦး၏လယ်မြေ (၁၃၁၇)ဧကအတွက် ငွေကျပ်သိန်းပေါင်း (၃၉၅၁) ထုတ်ချေးပြီးဖြစ်ကြောင်းနှင့် ချေးငွေအကြေအလည် ပေးဆပ်ပြီး တောင်သူများအား ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မန်နေဂျာထံမှ သိရသည်။

စိုးထက်ကျော်(ပြန်/ဆက်)