ဘီးလင်း ဇွန် ၃
မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များ အား QR Code စနစ်ဖြင့် ရောင်းချနေခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဿာန်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရေနံနှင့်ရေနံထွက် ပစ္စည်းဆိုင်ရာ လုပ်ငန်းများထိန်းသိမ်း ကြီးကြပ်ရေး ဆပ်ကော်မတီမှ တာဝန်ရှိသူများက ရွှေမင်းသား စက်သုံးဆီအရောင်းဆိုင်၊ KM Power စက်သုံးဆီအရောင်းဆိုင်နှင့် ဓူဝံကြယ် စက်သုံးဆီ အရောင်းဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီ အရောင်း ဆိုင်များအနေဖြင့် QR Code စနစ်ဖြင့် စက်သုံးဆီများရောင်းချခြင်း၊ တရားဝင်လိုင်စင်ရှိသော ယာဥ်များအား ဝှီးတက်ပြသသည့် စနစ်ဖြင့် ရောင်းချခြင်း၊ ရက်၊ မ ရက်ခွဲ၍ ဆီရောင်းချပေးခြင်း၊ နေ့စဥ် သတ်မှတ်အချိန် အတိုင်း ရောင်းချပေးခြင်းနှင့် ပုံး၊ ပီပါများဖြင့် ရောင်းချနေမှုများ ရှိ၊မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး စက်သုံးဆီများကို စည်ကမ်းချက်များနှင့်အညီ အဆင်ပြေစွာ ရောင်းချနိုင်ရေး ကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)