တောင်တွင်းကြီး ဇွန် ၂
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် တောင်တွင်းကြီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများအားတွေ့ဆုံ၍ ဒေသဖွံ့ဖြို့ရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်ကိုကိုက အဖွင့်အမှာစကားပြောကြားရာ ရက်(၁၀၀)စီမံချက်အတွင်း သိသာထင်ရှားသည့်အချက်များ တိုးတက်အောင်မြင်အောင်ဆောင်ရွက်ရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ MSME လုပ်ငန်းများတိုးတက်အောင်မြင်အောင်ဆောင်ရွက်ရန်၊ စိုက်ပျိုးရေးလုပ်ငန်းများလျာထားဧကပြည့်မီစွာဆောင်ရွက်ရန်နှင့် ဒေသန္တရစီမံကိန်းလုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန်၊ ပညာရေးဌာနအနေဖြင့် နိုင်ငံတော်စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံကြစို့ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ်ကလေးအားလုံးကျောင်းအပ်နှံရေး ကြိုးစားဆောင်ရွက်ရန် အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက စီးပွားရေး၊ လူမှုရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာအချက်အလက်များအားလည်းကောင်း၊ မြို့မိမြို့ဖဦးစံသိန်းနှင့် ဦးသိန်းထွန်းဦးတို့က ပုဏ္ဏဝတီခန်းမ ပြန်လည်တည်ဆောက်နိုင်ရေးနှင့် အင်တာနက်ပြန်လည်အသုံးပြုမှုရရှိရေးတို့အားလည်းကောင်းတင်ပြခဲ့ရာ သက်ဆိုင်ရာဌာနများနှင့် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဦးမျိုး