ရေကြည်မြို့နယ်၌ ကောက်ရိုးမှို လက်တွေ့စိုက်ပျိုးနည်းကွင်း သရုပ်ပြပွဲကျင်းပ

ရေကြည် မေ ၂၉

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကောက်ရိုးမှိုလက်တွေ့စိုက်ပျိုးနည်းကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် (၈) နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီဌာန ရုံးဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ထွန်းလင်းက ပရိုတိန်းဓာတ်ပြည့်ဝသည့် ကောက်ရိုးမှိုစိုက်ပျိုးစားသုံးခြင်းဖြင့် ကျန်းမာသန်စွမ်းပြီး ပိုလျှံသည့်မှိုများကို ပြန်လည်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေများ ရရှိလာစေရန် ရည်ရွယ်၍ တောင်သူများအနေဖြင့် မိမိအိမ်ခြံဝင်းအတွင်းမှာပင် နှစ်ပတ်အတွင်း စိုက်ပျိုးစားသုံးနိုင်သည့် ကောက်ရိုးမှို စိုက်ပျိုးနည်းပညာများကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသရုပ်ပြသပွဲသို့ ရေကြည်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်း၊ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်အိအိချော၊ ရေကြည်မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စိုက်ပျိုးရေးဝန်ထမ်းများနှင့် တောင်သူများ တက်ရာက်ခဲ့ကြပြီး စိုက်ပျိုးရေးဝန်ထမ်းများက ကောက်ရိုးမှိုစိုက်ပျိုးနည်းအဆင့်ဆင့်ကို လက်တွေ့သရုပ်ပြသပြီး ကောက်ရိုးမှို စိုက်ပျိုးနည်းပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)