ချောင်းသာမြို့ သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်ရေး ရေနှုတ်မြောင်းများတူးဖော်

ချောင်းသာ မေ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ Clean City, Green City, Smart City ဖြစ်စေရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများက အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနှုတ်မြောင်းများ ပြန်လည်တူးဖော်လျက်ရှိကြောင်း သိရသည်။

ချောင်းသာမြို့ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြင့်ဆန်း ကြီးကြပ်ကွပ်ကဲမှုဖြင့် စည်ပင်သာယာရေးဝန်ထမ်းများမှ ချောင်းသာမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ လမ်းဘေးဝဲယာ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် အမှိုက်များအားဆယ်ယူခြင်း၊ ရေနှုတ်မြောင်းများ အသစ်တူးဖော်ခြင်း၊ လမ်းပခုံပေါ်ရှိ အမှိုက်များအား ရှင်းလင်းခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရခြင်းသည် ပတ်ဝန်းကျင်ညစ်ညမ်းမှုများ‌ လျှော့နည်းပပျောက်စေရန်နှင့် မြို့သန့်ရှင်းသာယာလှပစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)