ငပုတောမြို့နယ်၌ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့်ဆွေးနွေးပွဲပြုလုပ်

ငပုတော မေ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ KG နှင့် Grade-1 သင်တန်းနည်းပြ စနစ်နှင့် မူကြိုနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့်ဆွေးနွေးပွဲပြုလုပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရှိန်းနေလွင်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်မိုးမိုးအေးက KG နှင့် Grade-1 သင်တန်းနည်းပြစနစ်နှင့် မူကြိုနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့်ဆွေးနွေးပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါ မြို့နယ်အဆင့်ဆွေးနွေးပွဲအခမ်းအနားကို မေလ ၁၄ ရက်နေ့မှ ၂၄ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများ စုစုပေါင်း (၃၇၄) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)