ရှေးဦးအရွယ်ကလေးပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့်(ဆင့်ပွား) ဆွေးနွေးပွဲကျင်းပ

ကျောင်းကုန်း မေ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၌ KG၊ GRADE-1 နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့်(ဆင့်ပွား)ဆွေးနွေးပွဲကို အ.ထ.က(၁) ပညာ့ဗိမာန်ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးကျော်လှိုင်က ရှေးဦးအရွယ်ဆိုတာ မွေးစမှ အသက်(၈)နှစ်အတွင်း ကလေးများကို ပြုစုပျိုးထောင်ပေးရမှာဖြစ်ကြောင်း၊ ဆရာ/ ဆရာမများ အရည်အသွေးကောင်းမှ အနာဂတ်မှာဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီးနည်းပြ ဦးဝေဟင်ကျော်က ဆွေးနွေးပွဲအတွေ့အကြုံများ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်ပညာရေးမှူးနှင့်ဝန်ထမ်းများ၊ နည်းပြ (၈) ဦးနှင့် ဆရာ/ဆရာ မ(၂၁၈) ဦးတက်ရောက်ခဲ့ကြပြီး၊ “ကလေးစိတ်ပညာ”ဆိုသည်မှာ မွေးကင်းစမှ ဆယ်ကျော်သက်အရွယ်အထိ ကလေးများ၏ အပြုအမူ၊ စိတ်ခံစားမှုများနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတို့ကို သိပ္ပံနည်းကျလေ့လာသည့်ဘာသာရပ်ဖြစ်ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)