သာပေါင်း မေ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျကျက်စီးနေအိမ်(၂)လုံး၊ အမိုးလန်ပျက်စီး နေအိမ်(၆)လုံးရှိ လေဘေးသင့်ပြည်သူများအား မေလ ၁၂ ရက်နေ့နံနက် ၁၁ နာရီအချိန်က အိမ်ဆောက်ပစ္စည်းဖိုး၊ ဆန်ရိက္ခာနှင့်ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
လေပြင်းတိုက်ခတ်မှုကြောင့် တောင်ကလေး ကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာ၌ (၅၊ ၅၊ ၂၀၂၆)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျကျက်စီးနေအိမ်(၁)လုံး၊ အမိုးလန် ပျက်စီးနေအိမ်(၆)လုံးရှိအိမ်ထောင်(၆)စုမှ လူဦးရေ(၂၈)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁) ပုံး (၁၀၇၆၇၈) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၃၄၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး ရန်ပုံငွေ(၁၄၀၀၀၀) ကျပ်ပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၄၈၀၀၀၀)ကျပ်၊ ကျားရဲ ကျေးရွာအုပ်စု၊ မဏ္ဍိုင်ကျေးရွာ၌ (၈၊ ၅၊ ၂၀၂၆) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီး နေအိမ်(၁)လုံးရှိ အိမ်ထောင် (၁) စုမှ လူဦးရေ (၆) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁)ပုံး (၁၀၇၆၇၈)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးရန်ပုံငွေ (၃၀၀၀၀) ကျပ်ပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁၃၀၀၀၀) ကျပ်တို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးကိုနှင့်ဝန်ထမ်းများက ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။
သိန်းမြင့်မျိုးဦး