ဓနုဖြူ မေ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပညာတံခွန် ငွေစုငွေချေးသမဝါယမအသင်း၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အသင်းသားများအတွက် စုဆောင်းငွေအပေါ် အကျိုးအမြတ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့ မေလ ၁၄ ရက်နေ့ နံနက်ပိုင်းက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးလှဌေးက အမှာစကားပြောကြားခဲ့ပြီး၊ ပညာတံခွန်အသင်းဥက္ကဋ္ဌ ဦးစိုးနိုင်က ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်း၊ အမြတ်ခွဲဝေစာရင်းများအားဖတ်ကြားပြီး ဒါရိုက်တာအဖွဲ့မှ ရှေးလုပ်ငန်းစဥ်များအား ချပြဆွေးနွေးခဲ့သည်။ ထို့နောက် အသင်းသားများထံမှ အတည်ပြုချက်ရယူခြင်းနှင့် အတည်ပြုကြောင်းကြေငြာကာ အသင်းသားများ၏ စုဆောင်းငွေအပေါ် အကျိုးအမြတ်များပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော် (ပြန်/ဆက်)